This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ပြောချင်တာများရှိခဲ့ရင် ပြောပေးခဲ့ပါ

Thursday, August 22, 2013

တန်ဖိုးနည်း Sim ကတ် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အတွက် အခွင့်အရေးတရပ် ဖြစ်နေပြီလား




မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ချပေးသည့် တန်ဖိုးနည်း ဖုန်း Sim ကတ်များကို မဲဖောက် ရောင်းချ ပေးခြင်းသည် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အတွက် လုပ်ကွက်အခွင့်အရေး ပေးထားသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။
“ပြည်သူတွေ ပေါပေါများများ သုံးရဖို့ ကျပ် ၁၅၀၀ နဲ့ ဖုန်းကတ်ကို ချပေးပေမယ့် အဆင့်ဆင့် ဖြစ်နေပြီး ကြားမှာ တဆင့် ရနေတဲ့ အခွင့်အလမ်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အတွက် ဖန်တီးပေးနေသလို ဖြစ်နေတယ်။ ဒါတွေဟာ လုံးဝကို မရှိသင့်ဘူး” ဟု လှည်းကူး မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းက ချပေးသည့် ၁၅၀၀ ကျပ်သာ တန်ဖိုးရှိသော တန်ဖိုးနည်း ဖုန်း Sim ကတ်များသည် လက်ရှိ ပြင်ပပေါက်ဈေးတွင် ကျပ် ၉ သောင်းကျော်မှ ၁ သိန်း ၅ သောင်းအထိ ဖြစ်နေကြောင်း ဖုန်းဝယ်ရောင်း ဈေးကွက်မှ သိရသည်။
၁၅၀၀ ကျပ်သာ ပေးရသည့် တန်ဖိုးနည်း ဖုန်းကတ်များကို ပြင်ပ ဈေးကွက်တွင် ငွေကျပ် ၁ သိန်းကျော်ဖြင့် အရောင်း အဝယ် ပြုလုပ်နေကြခြင်းမှာ ဈေးကွက် ဝယ်လိုအားထက် ပစ္စည်းအရေအတွက် နည်းပါးခြင်းကြောင့် ဖြစ်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက တန်ဖိုးနည်း ဖုန်းကတ်များကို ၎င်းတို့ အကျိုးစီးပွားအတွက် အသုံးချနေကြကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
“Sim ကတ်တွေကို ပေါပေါများများ ထုတ်ပေးပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဆီမှာသာမက၊ လမ်းဘေး ဆိုင်လေးတွေမှာပါ ဝယ်လို့ရတဲ့အထိ ပေါပေါများများ ရောင်းလို့ရအောင် လုပ်ပေးမယ် ဆိုရင်တော့ အခုလို ကိစ္စတွေ ရှိမလာ နိုင်တော့ပါဘူး။ အခုက ပြည်သူကို ပေါပေါများများ သုံးစေချင်လို့ ချပေးပေမယ့် ၈ သောင်း ၁ သိန်း ကျော်နေတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဒါဟာ လုပ်စားဖို့ အခွင့်အရေး ပေးထားသလို ဖြစ်နေတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။
တန်ဖိုးနည်း ဖုန်းကတ်များ ယခုကဲ့သို့ ၁ သိန်းကျော်အထိ ပေါက်ဈေး ရှိနေသောကြောင့် ၁ လ တကြိမ် မဲနှိုက်၍ ဖုန်းကတ် ဝယ်ရသူများသည် မိမိတို့ မဲပေါက်လျှင် အသုံးပြုရန် မထားတော့ဘဲ ဖုန်းကတ် အမျိုးအစားပေါ် လိုက်၍ ဈေးမြင့်မြင့်ဖြင့် ပြန်လည် ရောင်းချနေကြကြောင်း သိရသည်။
“အစကတော့ ဖုန်းကတ်ကို လိုချင်လို့ မဲနှိုက်တာပါပဲ။ ပေါက်လာတော့လည်း အပြင်မှာ ပြန်ရောင်းရင် ၁ သိန်း ကျော်ကျော် လောက် ရနေတာဆိုတော့ ပြန်ရောင်းလိုက်တယ်။ ကိုယ်ရောင်းမယ်ဆိုရင် ဝယ်မယ့်သူတွေက အဆင်သင့် ရှိနေတာလေ။ သူတို့ကလည်း သုံးဖို့ ဝယ်တာမဟုတ်ဘူး၊ ပြန်ရောင်းဖို့ ဝယ်တာ။ ကျမ သိသလောက်တော့ အဲဒီလို လိုက်ဝယ်နေတဲ့ သူတွေက ဖုန်းဆိုင်ဖွင့်ထားပြီး ပြန်ရောင်းနေကြတာ” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ မမာလာဆွေက ပြောသည်။
တန်ဖိုးနည်း ဖုန်းကတ်များကို လကုန်ခါနီး ရက်ပိုင်းများအတွင်း ကံစမ်းမဲနှိုက် ရောင်းချပေးလေ့ရှိပြီး ရပ်ကွက်အတွင်း နေထိုင်သည့် လူဦးရေအပေါ် မူတည်၍ ချပေးလေ့ရှိကြောင်း၊ ထိုသို့ ချပေးရာတွင် အစပိုင်းက တိတိကျကျဖြင့် မဲနှိုက် ရောင်းချ ပေးသော်လည်း နောက်ပိုင်းတွင် မသမာမှုများကို တာဝန်ရှိသူများကပါ ပြုလုပ်ကြလျှက် ရှိကြောင်း သိရသည်။
“ကျမတို့ ရပ်ကွက်မှာ ဒီလ ၆၃ ကတ် ချပေးတယ်။ မဲပေါက်တဲ့သူက ၆၀ ပဲရှိတယ်။ ၃ ယောက်က ပျောက်နေတယ်။ အဲဒီမှာ အမျိုးသမီး တယောက်က နာမည်ခေါ်ပြီး မဲနှိုက်တဲ့ အထဲမှာ သူ့နာမည်လည်း မပါသေးဘူး ဆိုပြီး ထပြောရော။ ပြီးတော့ ကျမတို့က အရင်လို မဟုတ်တော့ဘူး၊ ဘယ်နှကတ် ချပေးတယ်၊ ဘယ်နှကတ်ပဲ မဲပေါက်တယ် ဆိုတာကို စောင့်ကြည့် နေတာလို့ ပြောတော့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကဲ … ဒါဆိုလည်း အခုမဲနှိုက်သွားဆိုပြီး မဲပြန်နှိုက်ခိုင်းတယ်” ဟု မင်္ဂလာဒုံ မြို့နယ်တွင် နေထိုင်သူ မမေသဇင်က ဆိုသည်။
ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ထိုကဲ့သို့သော မသမာသည့် နည်းလမ်းများ ပြုလုပ်သည့်အပြင် လူမနေသည့် တိုက်ခန်းများမှ အိမ်ရှင်များ၏ အမည်ဖြင့် မဲနှိုက်ကာ ထိုသူများက မဲပေါက်သွားသည်များလည်း ရှိကြောင်း ရပ်ကွက်နေ ပြည်သူတဦး၏ ပြောကြားချက် အရ သိရသည်။
တချို့သော ရပ်ကွက်များတွင် အထက်ပါ အဖြစ်အပျက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြုလုပ်နေသော်လည်း တချို့ရပ်ကွက်များတွင် ရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များကလည်း သန့်ရှင်းသော နည်းဖြင့်သာ ဆောင်ရွက်ကြကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက ဆိုသည်။
တချို့ ရပ်ကွက်များတွင် တန်ဖိုးနည်းဖုန်းများ မဲနှိုက်၍ ဝယ်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှာ မဲနှိုက် ဝယ်ယူခွင့် မရှိကြောင်း၊ မဲနှိုက်၍ ဖုန်းကတ် ရောင်းချသည့်နေ့တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တဦးဦးက လာရောက် စောင့်လျှက်ရှိကြောင်း၊ တန်ဖိုးနည်း ဖုန်းကတ်များ မဲနှိုက် ရောင်းချသည့်နေ့တွင် ရပ်ကွက်အတွင်း နေထိုင်သူ များကို ဖိတ်ခေါ်၍ မိမိတို့ ဆန္ဒပါလျှင် လာရောက် ကြည့်ရှုနိုင်စေရန် အသိပေးထားကြောင်း ရန်ကုန် ကျောက်တံတား မြို့နယ်တွင် နေထိုင်သော အမည်မဖော်လိုသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက ဧရာဝတီသို့ ပြောသည်။
“၁၅၀၀ တန် ဖုန်းကတ်တွေက အခုလို အချိန်ဆို ဈေးပိုကြီးတတ်တယ်။ မဲနှိုက်ပြီးပြီးချင်း ရက်တွေမှာ ဆိုရင်တော့ လက်ရှိ ပေါက်ဈေးထက် ၁ သောင်းခွဲ၊ ၁ သောင်းလောက် ဈေးသက်သာတယ်။ အခုအချိန်က ဝယ်လိုအား များပြီး ရောင်းလိုအား နည်းနေတဲ့ ကာလဖြစ်နေလို့ ဈေးနည်းနည်း ပိုများတာ” ဟု ယုဇနပလာဇာရှိ ဖုန်းကတ်မျိုးစုံနှင့် ဟန်းဆက် အရောင်းဆိုင်မှ မန်နေဂျာ မမေမျိုးက ဆိုသည်။
၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းကတ်များကို မဲနှိုက်ရောင်းချသည့် နေ့များတွင် ဖုန်းဆိုင်များမှ ဝန်ထမ်းများသည် ၎င်းတို့ ကိုယ်တိုင် တချို့ မြို့နယ်များသို့ ဆင်းဝယ်ကြကြောင်း၊ ဖုန်းကတ်များကို ၉ သောင်းနှင့် ဝယ်လာခဲ့ပါက ၅ ထောင်ခန့် ဈေးပိုရလျှင် ၎င်းတို့ဆိုင်၌ ပစ္စည်းမထားတော့ဘဲ ရောင်းချလျှက်ရှိကြောင်း၊ တချို့သော ဖုန်းဆိုင်များတွင်မူ တန်ဖိုးနည်း ၁၅၀၀ တန် ဖုန်းကတ်များကို ပေါ်ပေါ်ထင်ထင် ရောင်းချနေလျှက် ရှိသော်လည်း တချို့ဆိုင်များတွင်မူ ထိုသို့မဟုတ်ကြောင်း တွေ့ရသည်။
၁၅၀၀ ကျပ်တန် တန်ဖိုးနည်း ဖုန်းကတ်များနှင့် ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးတချို့က အလွဲသုံးစား လုပ်နေခြင်း ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့နှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို ဖမ်းဆီးထားခြင်းခြင်းများ နေပြည်တော်တွင် ဖြစ်ပေါ်နေကြောင်း ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆိုသည်။
“တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လက်ထဲ လုပ်ပိုင်ခွင့် ပေးလုပ်ရင်တော့ ဒီလိုကိစ္စတွေက ရှိနေဦးမှာပါပဲ။ သူတို့က ဘယ်ခေတ် ဘယ်အခါ ဘယ်အချိန်ပဲဖြစ်ဖြစ် ယခုအချိန်ထိကို လုပ်ပိုင်ခွင့်ကို အကြောင်းပြု၊ အာဏာကို အကြောင်းပြုပြီး အခုလို လုပ်နေဦးမှာပဲ။ သူတို့လက်ထဲ ထည့်နေသမျှတော့ ဒါမျိုးတွေ ရှိနေဦးမှာပါ။ ဒါကြောင့် ဖုန်းကတ်တွေကို သူများနိုင်ငံ တွေမှာလို လမ်းဘေးမှာ ဝယ်နိုင်တဲ့အထိ ပေါပေါများများ လုပ်ပေးသင့်တယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
ပြည်သူများအနေဖြင့် မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လာဘ်စားမှုများ၊ ကိုယ်ကျိုးအတွက် စီးပွားရှာ အလုပ်လုပ် နေသည် များကို တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများသို့ တိုင်ကြားသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။
“တချို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတော့ မှန်မှန်ကန်ကန် လုပ်နေကြပါတယ်။ တချို့ကတော့ ရာထူးကိုအကြောင်းပြပြီး စီးပွားရှာနေကြတယ်။ ၁၅၀၀ တန် ဖုန်းကတ်ကို အပြင်မှာ ပြန်ရောင်းရင် ဖမ်းဆီး အပြစ်ပေးမယ်ဆိုတဲ့ ဥပဒေတော့ မရှိပါဘူး။ ရောင်းတာဝယ်တာ ကတော့ ကာယကံရှင်တွေရဲ့ ဆန္ဒပဲလေ။ အပြင်မှာ တန်ဖိုးနည်း ဖုန်းကတ်တွေကို ရောင်းလို့ ဖမ်းမယ်လည်း မပြောထားဘူး၊ မဖမ်းဘူးလည်း မပြောထားဘူး” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဆိုသည်။
တန်ဖိုးနည်း ဖုန်းကတ်များကို ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်နှင့် တိုင်းအစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ယခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ရောင်းချပေးခဲ့ကာ၊ ယခုလအထိ ၄ ကြိမ် ရောင်းချပေးခဲ့ပြီး ဖြစ်ကြောင်း၊ တန်ဖိုးနည်း ဖုန်းကတ် များသည် ပြင်ပ ဈေးကွက်တွင် CDMA ဆိုပါက ကျပ် ၉ သောင်း၊ GSM ဖြစ်ပါက ၁ သိန်း ၄ သောင်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။


Copy it from Here : http://burma.irrawaddy.org/archives/46840

Wednesday, August 21, 2013

Airdroid application for android

ဒီ application လေးကတော့ အင်တာနက်ကနေတစ်ဆင့် ကိုယ့်ဖုန်းထဲကို application တွေ install လုပ်ပေးပါတယ်..။ဆိုလိုတာက ကိုယ့်သူငယ်ချင်းက တစ်ခြားတစ်နေရမှာ ရှိနေပြီး ကိုယ်က တစ်နေရမှာ ရောက်နေတယ်ဆိုပါတော့.။သူ့ဆီက application တစ်ခုကို လိုချင်တယ်..။တစ်ယောက်နဲ့ တစ်ယောက်ကလည်း လွယ်လွယ် ဆုံလို့ရတဲ့နေရာကမဟုတ်...။ခက်ပြီ...။Application မှမဟုတ်ပါဘူး..။သီချင်း..။ဓာတ်ပုံ...။အကုန်လုံးပေါ့..။သူငယ်ချင်းဆီက သူရိုက်ထားတဲ့ဓာတ်ပုံလေး တွေလိုချင်တယ်..ဆိုရင် ဒီ app လေးဒေါင်းထားလိုက်ပါ...။သူ့ကို ဘယ်လိုသုံးရလည်းဆိုရင်...သင့်ဖုန်းမှာ အင်တာနက်ရှိရပါမယ်.. wifi ..သို့မဟုတ် Data Service ပေါ့...။ဒီ app ကို install လုပ်ထားပြီး ဖွင့်လိုက်ပါ..။App က သင့်ဖုန်းရဲ့ web link (ip adress ကို ပေးပါလိမ့်မယ်..။အဲ့ဒီ နံပါတ်ကို သင့်သူငယ်ချင်းကိုပေးလိုက်ပါ.။သူက Browser မှာ ရိုက်ထည့်လိုက်တာနဲ့ သင့်ဖုန်း က သူ့ရဲ့ browser မှာ သွားပေါ်ပါလိမ့်မယ်..။သူပေးချင်တဲ့ file ၊ app စတာတွေကို သင့်ဆီကို ပို့လို့ ရသွားပါမယ်...။သင့်ဘက်က accept လုပ်လိုက်ယုံနဲ့ ..။သင့်သူငယ်ချင်းကသင့်ကို ပေးသော file အားလုံးသင့်ဆီရောက်လာပါလိမ့်မယ်..။လိုင်းဆွဲအား တစ်အားမလိုပါ..။လိုင်းကျနေသော အခြေအနေတွင်ပင် 2 MB file ဟာချက်ချင်းရောက်လာပါတယ်...။ကျွန်တော် ကိုယ်တိုင် စမ်းသပ်ပြီးပါပြီ..။အဆင်မပြေတာ ရှိရင် Commend ပေးခဲ့ပါ...။ဓာတ်ပုံတွေနဲ့ တကွ ရှင်းပြလိုပေမယ့်..လိုင်းမကောင်းလို့ ဓာတ်ပုံတစ်ပုံတောင် တင်မရဖြစ်နေလို့ပါ...။

Download

ပီတိစား၍အားရှိနေသော

ထင်လင်းအောင်(နည်းပညာ)

ငြိမ်းချမ်းရေးမဟာတာရာ ကြွေလွင့်ခြင်း

ရေးသားသူ- ဥက္ကာကိုကို

ကျည်ဆန်ခြုံ၍မလုံ... မေတ္တာခြုံမှ လုံလိမ့်မည်ဆိုသည့် ငြိမ်းချမ်းရေး ကြယ်မဟာဖြစ်သော ကဗျာဆရာကြီး၊ စာရေးဆရာကြီး သခင်ဌေးမြိုင် (ခေါ်) ဒဂုန်တာရာသည် အသက် (၉၅)နှစ်အရွယ်၊ ၂၀၁၃ သြဂုတ် ၁၉ ရက် တွင် မငြိမ်းချမ်းသည့်ကမ္ဘာကြီးကို ငြိမ်းချမ်းစွာပင် စွန့်ခွာသွားခဲ့လေပြီ။

“ဌေးမြိုင်ကတော့ ငါ့ကိုအရိုင်းတဲ့ကွာ။ ငါအဲဒီလောက်လည်း မရိုင်းသေးပါဘူး”ဟု ဗိုလ်ချုပ်အောင်ဆန်းက အပါးတော်မြဲဗိုလ်ထွန်းလှဘက်သို့လှည့်၍ ခပ်ပြုံးပြုံးပြောလိုက်သည်။
အောင်ဆန်း (သို့မဟုတ်) အရိုင်းဟု ခေါင်းစဉ်တပ်၍ ရုပ်ပုံလွှာစာအုပ်တွင် ရေးသားခဲ့သည့် ဆောင်းပါးကိုဖတ်ရှုပြီးပြောခြင်းဖြစ်သည်။
ထိုဆောင်းပါးကို ရေးသားခဲ့သူ ကိုဌေးမြိုင်၏ ကလောင်အမည်က ဒဂုန်တာရာ။

ကျွန်တော်က သူ့ကို အရိုင်းဟု ၀ိသေသပြုခြင်းမှာ ဟန်ဆောင်ခြင်းမရှိဘဲ သူခံစားသည့်အတိုင်း ရိုးရိုးဘွင်းဘွင်းပြောတတ်သော သူ၏စရိုက်သဘာဝကို ပေါ်လွင်ထင်ရှားစေလို၍သာဖြစ်သည်ဟု ဒဂုန်တာရာက ပြန်လည်ဖြေရှင်းပြခဲ့သည်။

ဆရာကြီးဒဂုန်တာရာသည် ခေတ်သစ်စာပေကို ရဲရဲဝံ့ဝံ့ဖောက်ထွက်ခဲ့သူ စာပေသူရဲကောင်းတစ်ဦးဖြစ်သည်။

“ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့တယ်”ဟု ကာရန်မပါသည့်ကဗျာကို ဆရာဒဂုန်တာရာက ရေးခဲ့သည်။ ထိုစဉ်က ဝေဖန်သံတို့သည် ခေတ်သစ်စာပေလောကအတွက် ဆည်းလည်းသံများ ဖြစ်ခဲ့သည်။ ဆရာဒဂုန်တာရာသည် ငြိမ်းချမ်းရေးလုပ်ငန်းများ နှင့် မွေ့လျော်သော ကဗျာဆရာကြီးတစ်ဦးလည်းဖြစ်ပါသည်။

ထိုငြိမ်းချမ်းရေးကဗျာဆရာကြီးက “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေးတည်ဆောက်ရန်လိုသည်”ဟု ပြောခဲ့သည်။ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် နိုးနိုးကြားကြားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း သူက ပန်ကြားခဲ့သည်။

“ကျည်ဆန်ခြုံ၍ မလုံ၊ မေတ္တာခြုံမှ လုံလိမ့်မည်”ဟု ၂၀၁၁ခုနှစ် သြဂုတ် ၈ရက်နေ့က အောင်ပန်းမြို့မှတစ်ဆင့် ငြိမ်းချမ်းရေးပန်ကြားချက်ထုတ်ပြန်ခဲ့သည့် ဆရာကြီးဒဂုန်တာရာသည် အသက် ၉၄နှစ် အရွယ်၊ သြဂုတ်လ ၁၉ရက်၊ နေ့ လယ် ၁နာရီ ၁၅မိနစ်တွင် အောင်ပန်းမြို့မှာပင် လူကြီးရောဂါဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါပြီ။

မိုးကုပ်ကုပ်ဝယ်
အို ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ
ဟ ..ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊
ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊
မနီးမဝေးချောင်းရိုးဘေးမှ
ဖြေးဖြေးညင်းညင်း
လှေတစ်စင်းထက်
တောတွင်းသားပျို
ဖျင်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊
ခြောက်သွေ့ မြက်ထုံးကောက်ရိုးဖုံးလျက်၊
ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျား မှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။
(ဒဂုန်တာရာ/မတ်လတော်လှန်ရေးကဗျာမှ)

ဒဂုန်တာရာဟုဖြစ်လာမည့် ဦးဌေးမြိုင်ကို ၁၉၁၉ခုနှစ်၊ မေ ၁၀ ရက်တွင် ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့မှ ထိုခေတ်က ဒေးဒရဲမြို့နယ်အပိုင်၊ ကျိုက်လတ်မြို့နယ်အနီးရှိ ထိုင်ကူမြစ်တန်းကျေးရွာ၌ မွေးဖွားခဲ့သည်။ ရန်ကုန်မြို့ ၇ လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ကျိုက်လတ်အမျိုးသားကျောင်း၊ ရန်ကုန်ရေကျော်မက်သဒစ်ကျောင်းတို့တွင် ပညာသင်ကြားပြီး ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့၍ ၁၉၃၇ မှ ၁၉၄၀ အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆက်လက်သင်ကြားခဲ့သည်။

ထိုစဉ်က နိုင်ငံအရေး၊ ကျောင်းသားအရေး လှုပ်ရှားမှုများတွင် ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ရေနံမြေစည်းရုံးရေးကိုယ်စားလှယ်၊ တကသအမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဒဂုန်တာရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်သိပံ္ပမဂ္ဂဇင်းတွင် “မှုံပြာရီ” ၀တ္တုကို စတင်ရေးသားပြီး စာပေနယ်ထဲသို့ဝင်ရောက်ခဲ့သည်။ ထိုစဉ်က သူ၏ကလောင်နာမည်မှာ မြိုင်သဇင်ဖြစ်ပြီး နောက်ပိုင်းမှ ဒဂုန်တာရာကလောင်အမည်ကို စတင်သုံးစွဲခဲ့သည်။ သူ၏ ကလောင်အမည်များမှာ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်းလင်ထက်၊ ဗညားသီဟ၊ ဦး ဒဂုန်တို့ဖြစ်ကြသည်။

တာရာမဂ္ဂဇင်းကို ၁၉၄၆ ခုနှစ်ကုန်ပိုင်းတွင် ထုတ်ဝေခဲ့ပြီး စာပေသစ်မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။ ဂန္တ၀င်ဂျာနယ် အယ်ဒီတာအလုပ်ကိုလည်း တစ်ပြိုင်နက်ဆောင်ရွက်ခဲ့သည်။
ဆရာကြီးဒဂုန်တာရာ ရေးသားပြုစုခဲ့သော စာအုပ်များအနက် “မေ” ၀တ္တုမှာ နာမည်အကျော်ကြားဆုံး ဖြစ်သည်။ အဆိုပါ မေ ၀တ္တုကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ဒဂုန်တာရာ၏ ဒဂုန်တာရာ၊ ဒဂုန်တာရာ ၀တ္တုတိုပေါင်းချုပ်၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာများ၊ ကြာပန်းရေစင် ၊ သဇင်သင်းပြန်တော့၊ မေ၊ ဂန္ဓာလရာဇ်ရုပ်ပုံလွှာ၊ ပန်းနုရောင်နှစ်ကာလများ (မိုးဝေစာပေမဂ္ဂဇင်း)၊ ဗညားသီဟစာပေ စစ်တမ်း(သံလွင်စာပေ)၊ ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ (မြေလတ်သားစာပေ) စသည့် စာအုပ်များသည် နာမည်ကျော်ကြားခဲ့သည်။
သူသည် စပယ်ဦးဟူသည့် ၀တ္တုတိုပေါင်းချုပ်ဖြင့် ၁၉၆၁ ခုနှစ်အတွက် စာပေဗိမာန် ၀တ္တုတိုပေါင်းချုပ်ဆုကိုရရှိခဲ့ ပြီး ၂၀၀၁ ခုနှစ်ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆုပိုင်ရှင်လည်းဖြစ်သည်။

ဆရာကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့သဖြင့် ထင်ရှားကျော်ကြားခဲ့သည်။ တရုတ်-မြန်မာမိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ မြန်မာ- ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာ)၏ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာ)၏ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
၁၉၅၃ခုနှစ်တွင် သြစတြေးလျနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီသို့လည်း တက်ရောက်ခဲ့သူဖြစ်သည်။

သူသည် ငြိမ်းချမ်းရေးနှင့် စာပေအရေးတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ရန်သူမရှိ၊ မိတ်ဆွေသာရှိသည်ဟူသည့်မူကို အသက်ထက်ဆုံး လက်ကိုင်ထားခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အမြဲတစ်စေ ဆုမွန်တောင်းပေးနေခဲ့သည်။

ကွယ်လွန်သူစာရေးဆရာကြီး ဗန်းမော်တင်အောင်နှင့် အရင်းနှီးဆုံး ဆရာကြီးဒဂုန်တာရာသည် သေသည်အထိ လူပျိုကြီးအဖြစ် နေထိုင်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ စာပေလောက၏ အသက်အကြီးဆုံး စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးပြယုဂ်တစ်ခုလည်း ဖြစ်သည်။

ဆရာကြီးဒဂုန်တာရာသည် လူသူကင်းဝေး၊ ရှုပ်ရှုပ်ထွေးထွေး၊ နိုင်ငံအရေးတို့မှ မျက်ကွယ်ရာတွင် တိတ်ဆိတ်စွာနေလိုသည့်ဆန္ဒ ရှိဟန်တူသည်။ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်လုံး တစ်ထောင့်တစ်နေရာမှ ပါဝင်လာခဲ့ပြီး ယခုလက်ရှိ နိုင်ငံ့အရေးကိစ္စများ ရှုပ်ထွေးပွေလီနေချိန်တွင် ကျန်းမာရေးမကောင်းမွန်တော့သည့် ဆရာကြီးသည် ရှမ်းပြည်နယ် အောင်ပန်းမြို့ကလေး၌ အေးချမ်းစွာ နားနေခဲ့သည်။
ငါတစ်မူကား
မည်သူကမျှ၊ အမိန့်မချ
မိမိဆန္ဒဖြင့်၊ မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည်
(ဒဂုန်တာရာ/မိမိကိုယ်ကို မဲဇာသို့ပို့ခြင်းကဗျာမှ)

မြန်မာ့သမိုင်းစဉ် တစ်လျှောက်တွင် ထင်ရှားကျော်ကြားသူများအကြောင်းကို သူထိတွေ့မိသမျှ ရေးသားခြယ်မှုန်းခဲ့သည့် ရုပ်ပုံလွှာဆောင်းပါးများသည် စာဖတ်သူတို့ နှလုံးသားတွင် စွဲလမ်းစေခဲ့သည်။ ယနေ့ လူလတ်ပိုင်း စာဖတ်ပရိသတ်အထိ ဒဂုန်တာရာ၏ မေ၀တ္ထုကို စွဲလမ်းနှစ်သက်ကြဆဲဖြစ်သည်။

ဆရာကြီးဒဂုန်တာရာသည် အသက် ၉၅ နှစ်အရွယ် ၂၀၁၃ သြဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ် အချိန်တွင် ရှမ်းပြည်နယ် အောင်ပန်းမြို့၌ ချစ်ခင်သူတို့ကို နှုတ်ဆက်ခဲ့ပါပြီ။
“အောင်ပန်းမှာ ဆေးရုံတင်ထားပြီး ဒီနေ့မနက်က သက်သာလာလို့ ပြန်ဆင်းလာတယ်။ ပြီးမှ နေ့လယ်မှာ ဆုံးသွားပါတယ်။ အုတ်ဂူသေးသေးလေးတစ်လုံးဆောက်မယ်။ သုသာန်မှာ မဟုတ်ပါဘူး။ မျက်စိဆေးရုံဆောက်ဖို့ ၀ယ်ထားတဲ့မြေနေရာမှာ လုပ်မှာပါ”ဟု ဆရာကြီး၏ အိမ်သားတစ်ဦးက သြဂုတ် ၁၉ ရက် ညနေပိုင်းက ပြောပြသည်။

သြဂုတ်လသည် အနုပညာငွေကြယ်ပွင့်ကြီးများကို တစ်ပွင့်ချင်းဆွဲဖြုတ်သွားခဲ့သည်။ ပန်းချီ မြိတ်ဝင်းထိန်၊ မောင်ဝံသ၊ မင်းလူ၊ မျိုးမြင့်လေး စသည့်ကြယ်ပွင့်တို့ ကြွေလွင့်ခြင်းအပေါ် ၀မ်းနည်းမကုန်သေးခင်မှာပင် နောက်ထပ် အစားထိုးမရနိုင်သည့် ငြိမ်းချမ်းရေးငွေကြယ်ပွင့်ကြီးကို ထပ်မံ ကြွေလွင့်စေခဲ့သည်။

“မြန်မာပြည်အတွက် နောက်ထပ်ကြယ်တစ်ပွင့် လွင့်သွားပြန်ပြီ။ ကြွေတယ်ဆိုတာ ပွင့်ခြင်းဆိုရင် နောက်ထပ် ထောင်စုနှစ်တွေအထိ ကောင်းကင်ယံမှာ ဒဂုန်တာရာနာမည်နဲ့ ကြယ်တစ်ပွင့် ထွန်းလင်းပွင့်သစ်နေဦးမယ်ဆိုတာ ယုံကြည်ပါတယ်”ဟု ကဗျာဆရာလူပအောင်က ၀မ်းနည်းစကားဆိုသည်။

လူငယ်ကဗျာဆရာတစ်ဦးဖြစ်သည့် ဘလော့ဂ်ဂါကဗျာဆရာမိုးလှိုင်ညကလည်း “တစ်သက်တာပတ်လုံး ငြိမ်းချမ်းရေးနဲ့ ကဗျာအတွက် တစ်စိုက်မတ်မတ် ရပ်တည်သွားတဲ့ဆရာကြီးကို လေးစားအားကျပြီး အမြဲအမှတ်ရနေမှာပါ။ ဆရာက သမိုင်းခေတ်တွေကို ထဲထဲဝင်ဝင်ဖြတ်သန်းခဲ့သလို မြန်မာစာပေနဲ့ လူ့ဘောင်သမိုင်းမှာလည်း နက်နက်ရှိုင်းရှိုင်း ကျန်ရစ်ခဲ့ပါပြီ”ဟု ဆိုသည်။

စာရေးဆရာမင်းဒင်ကတော့ ဆရာကြီးကွယ်လွန်ခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောပါသည်။

“ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ခြင်းကြောင့် ၀မ်းနည်းကြေကွဲတဲ့သူတွေ အတော်များပါတယ်။ ကျွန်တော်ကတော့ တန်ဖိုးကြီးမားလှတဲ့ သူ့ဘ၀သူ့သမိုင်းကို သူမသေခင်မှာ ဘယ်နှယောက်ကများ တိကျခိုင်မာစွာ မှတ်တမ်းပြုထားနိုင်ခဲ့ပါလိမ့်ဆိုတာကို နှမြောစိတ်နဲ့ တွေးမိတယ်”

စာပေပညာရှင်ကြီး၊ ကဗျာဆရာကြီးသည် မငြိမ်းချမ်းသေးသော ကမ္ဘာကြီးကို စွန့်ခွာလျက် ပင်လယ်ဝဆီသို့ လှေကလေးနှင့်ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပြီဖြစ်ပါသည်။

ငြိမ်းချမ်းရေးအတွက် အကောင်းမျှော်ပြောခဲ့သည့်ဆရာ့စကားက “ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်ရင် ငြိမ်းချမ်းရေး ရကိုရမယ်”




Copy it from here : https://www.facebook.com/7daynews

Tuesday, August 20, 2013

Android Device တွေမှာ boot animation ကို ပြောင်းကြည့်မယ်



Android Device တွေမှာ boot animation ကိုပြောင်းဖို့အတွက်
၁ ။ သင့်ဖုန်းက root ဖောက်ပြီးသားဖြစ်ရပါမယ်
၂ ။ root explore ဆော့ဝဲလ်လိုအပ်ပါတယ်
၃ ။ custom boot file လိုအပ်ပါမယ်

ကဲအဲ့ဒါတွေ အကုန်စုံပြီဆိုရင်တော့ boot animation ကို ကိုယ်ကြိုက်တဲ့ animation ပြောင်းလို့ရပါပြီ
boot animation တွေကို Google မှာ ရှာလို့ရပါတယ်...

ကဲကဲ စလိုက်ရအောင်..။
အရင်ဦးဆုံး download ရလာတဲ့ bootanimation.zip ကို root explorer ဆော့ဝဲသုံးပြီး /system/media ဖိုလ်ဒါထဲကိုရွှေ့လိုက်ပါ.။

ရွှေ့ပြီးသွားပြီဆိုရင် bootanimation.zip ကို permission ပေးပါမယ်..။
bootanimation.zip ကို ခပ်ကြာကြာ(၃ စက္ကန့်လောက်)ဖိထားပြီး  permissions ကိုရွေးရမှာပါ..။အိုကေနော် :-)
permission ကို rw-r-r ပုံစံရွေးပေးလိုက်ပါ..။
မရှင်းမှာစိုးလို့ rw-r-r ဆိုတာ ကို ပုံမှာကြည့်ပါ
ပြီးရင် ok ပေးလိုက်ပါ...။နောက်တစ်ဆင့်ကတော့ phone ကို restart လုပ်လိုက်ပါ ။ပြီးပါပြီ
သင့်ဖုန်းမှာ နဂို boot animation အစား သင်ပြောင်းထားတဲ့ animation လေးပေါ်ထွက်လာပါလိမ့်မယ်..။

ပီတိစား၍အားရှိနေသော

ထင်လင်းအောင်(နည်းပညာ)

Thursday, August 1, 2013

ဆုံမှတ်သစ် Beta ဖြန့်ချိခြင်း

ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတဲ့ Android Application လေးပါ.။အခုလောလောဆယ်တော့ "ဆုံမှတ်သစ်" လို့အမည်ပေးထားပါတယ်...။ရမည်းသင်းက လက်ဘက်ရည်ဆိုင် နာမည်နော် ကြိုက်လွန်းလို့ ယူထားတာ..ခွင့်ပြုချက်တော့ မယူထားဘူး..:-P အွန်လိုင်းသတင်း တော်တော်များများကို ဖုန်းပေါ်ကနေ offline ဖတ်ရှုနိုင်အောင် ဖန်တီးထားတာပါ...။offline ဆိုတာလည်း အင်တာနက် ခဏတော့ ဖွင့်ဖို့လိုတာပေါ့ နော်.. :-P အင်တာနက် 2G/3G/Wifi ပေါ့.။Application က auto download လုပ်ပါလိမ့်မယ်..။done ဆိုရင်တော့ သတင်းတွေ offline ဖတ်လို့ရပြီပေါ့နော်..တတ်နိုင်သမျှတော့ စုံလင်နိုင်အောင် ဖန်တီးထားပါတယ်..။Beta အနေနဲ့ ဖြန့်လိုက်တာပါ...။နောက်ပိုင်း Version တွေဆိုရင်တော့ ဒီထက်ပိုစုံအောင် အဆင့်ဆင့် ပြန်လည်တည်းဖြတ်ပါ့မယ် (ခင်ဗျားတို့ရဲ့ အားပေးမှုပေါ်မှာ မူတည်ပါတယ်)..။ဒါကြောင့်သုံးကြည့်ပါ..။တစ်ခုတော့ ကြိုပြောပါရစေဗျာ..။အားလုံးကို မဆိုလိုပါဘူး..။ကျွန်တော် အခု ဒီ app လေးရေးတာ..မည်သည့် အဖိုးအခ တစ်ပြားမှရတာမျိုးမရှိပါ..။ဒီ app ရေးဖို့အတွက် ကုန်ကျတာမှန်သမျှ အိတ်စိုက်ပါ..။စေတနာအရင်းခံသက်သက်ပါ...။ဘာကြောင့်ဒါတွေ ရေးတာလည်း နားမလည်တဲ့သူရှိပါလိမ့်မယ်..။ဘာကြောင့်လဲဆို ကျွန်တော်လုပ်သမျှတွေမှ မည်သည့် အဖိုးအခ မှမရသည့်အပြင်..ပြောခဲ့သလိုပဲ အိတ်စိုက်ပါ..။ဒါကိုတစ်ချို့တစ်ချို့တွေက စော်စော်ကားကား ရေးသား ပြောဆိုနေကြတာ ရစရာတောင်မရှိဘူး ထင်လင်းအောင် တစ်ယောက်။အိမ်မှာနေတဲ့အမေ တောင် အငြိမ်မနေရပဲ...အဆစ်ပါသေးတယ်..။ကျွန်တော့် website လေးမှာဆိုရင် ဆဲသွားတာကော...ဘာကော...စုံလို့။တစ်ခါကမှ ကျွန်တော့ကို Website တစ်ခု.....(နာမည်တော့မရေးတော့ဘူးနော်..)ရဲ့ Admin က ကျွန်တော့်ကို ပို့စ်လေးတွေရေးပေးဖို့ကမ်းလှမ်းလာပါတယ်...။ကျွန်တော်လည်းလက်ခံပြီး ရေးပေးတာပေါ့..။ဒါကို ဆဲတဲ့သူက ဆိုဒ်မှာမဆဲ ပဲ Email ပို့ဆဲတယ်ဗျာ...။တကယ်တကယ် ဘာမှ မရတဲ့အပြင် အဆဲခံရသေးတယ်...။ကိုယ်ကတော့ user ဆီက Email ၀င်တာဆိုတော့ ဘာများလည်းလို့ အရေးတစ်ယူဖွင့်ဖတ်ပါတယ်...။ဆဲထားတာ ဗျ...။စုံလို့..။ပြောရရင် ဒီပို့စ်လေးအောက်မှာတော့ ဆဲတာတွေ မလုပ်စေချင်ဘူးဗျာ..။ကျွန်တော်ဒီ app လေးရေးဖို့အတွက် အချိန်တော်တော် ယူခဲ့ရလို့ပါ..။မကြိုက်ရင်လည်း မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားပေါ့နော်...။ကြိုက်တယ်ဆိုလည်း like လေး တစ်လုံးတော့ လိုချင်သား...:-P ..။မပေးလည်းရပါတယ်...။ပြောခဲ့သလိုပဲ စေတနာ သန့်သန့်လေး ဘာမှ မျှော်လင့်မထားပါဘူး :-D

http://d-h.st/wcd

password က htinlinnaung ပါခင်ဗျာ..။