ပြောချင်တာများရှိခဲ့ရင် ပြောပေးခဲ့ပါ

Friday, March 15, 2013

Samsung Galaxy SII ကို Official V4.1.2 တင်ကြည့်မယ်





Samsung Galaxy ဖုန်းတွေကို Firmware တင်ရင် Samsung ကတရားဝင်ထုတ်ထားတဲ့ Kies Software သုံးရပါတယ်...။အကယ်၍ ICS firmware ကိုမတင်ပဲ Custom Rom တွေတင်မယ်ဆိုရင်တော့ Kies က အလုပ်မလုပ်တော့ပါ..။ဒီတော့ သူ့ညီလေး တစ်ယောက်ရှိနေပြန်ပါတယ် .. Odin တဲ့ Samsung Phone တွေ firmware ပြန်တင်တာပဲဖြစ်ဖြစ် custom rom တင်တာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ Odin ကိုပိုကြိုက်ပါတယ်..။ Kies ကအင်တာနက်လိုပါတယ်..။မြန်မာနိုင်ငံ အင်တာနက်မြန်နှုန်းက အလွန်ကောင်းဆိုတော့ Kies နဲ့ firmware ပြန်ရေးလို့ကတော့ ???????? Odin ကတော့ offline သုံးလို့ရပါတယ် ..။ Rom file ကိုဒေါင်း Odin နဲ့ တွဲသုံး ပေါ့လေ..။ကဲကဲ လေရှည်တာများသွားပြီ..။လိုတာလေးတွေ ဒေါင်းလိုက်ကြဦးနော်.။

ဒါက Kies ကိုပိုကြိုက်တဲ့ ပုဂ္ဂိုလ်တို့အတွက် ဒီမှာ ဒေါင်းပါ..။
ဒါက Odin ဒီမှာဒေါင်းပါ
ဒါက တော့ Galaxy S II ရဲ့ Offcial V4.1.2 Jelly Beam Firmware ပါ..။Odin နဲ့ သုံးဖို့နော်..။Kies ဆိုရင်မလိုဘူး Firmware Upgrade ဆိုရင်သူ့ဘာသာ ဆက်လုပ်သွားတယ်..။ဒီ Firmware file လေးကို  ကိုနောင်နောင်(innocence love) တင်ပေးထားတာပါ..။



Odin ကို RUN ပေးလိုက်ပါ… PDA မှာ အဲဒီ tar Md5 ဖိုင်လေးကိုသွင်းထည့်ပေးလိုက်ပါ
ဖုန်းကို Power Off ပြီး Download Mode ၀င်ရအောင်=== > (Home+Volume Down+Power) / Warning {Continue:volume up} ဆိုရင် Volume Up ကိုတချက်နှိပ်ပေးလိုက်ပါ Downloading ဆိုတာပေါ်သွားပါလိမ့်မယ် အဲဒါဆို ကွန်ပျူတာနဲ့ချိတ်ဆက်လို့ရပါပြီ
ပြီးရင်တော့ကြိုးချိတ်ပေးလိုက်ပါ
Odin ကနေဖုန်းကိုသိပြီဆိုရင်တော့ Start နှိပ်ပေးလိုက်ပါ  ခဏစောင့်ပေးပါ
PASS ပြသွားပြီဆိုရင်တော့ Official Jellybean v4.1.2 တင်လို့ပြီးပါပြီ

0 comments:

Post a Comment